ကျောက်ခဲတို့၏ ကြွေးကြော်သံကို နားထောင်ပါ
ကျွန်မတို့မိသားစုသည် အဖေ့အတွက် အောက်မေ့ဖွယ်အခမ်းအနားကို မြစ်ကမ်းဘေးနား၌ ကျင်းပပြီးနောက် သူ့ကို အမှတ်ရစေရန် ကျောက်ခဲတစ်ခဲစီ ကောက်ခဲ့ကြသည်။ သူ့ဘဝသည် စစ်တုရင်ထိုးသကဲ့သို့ အောင်မြင်မှုများနှင့် ရှုံးနိမ့်မှုများကို တွေ့ ကြုံခဲ့ရသော်လည်း သူ့နှလုံးသားသည် ကျွန်မတို့အတွက်ဖြစ်ကြောင်း ကျွန်မတို့ သိသည်။ ချောမွေ့သော ကျောက်ခဲ၏မျက်နှာပြင်ကို လက်ဖြင့် ပွတ်သတ်ရင်း အဖေ့ကို အနီးကပ်ဆုပ်ကိုင်ထားရန် လက်ချောင်းလေးများက သတိပေးနေသည်။
လု ၁၉ တွင်၊ ယေရုရှလင်မြို့သို့ သခင်ယေရှု ဝင်ရောက်စဉ် လူအုပ်က စွန်ပလွံခက်များ ဝှေ့ယမ်းကာ “ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ခဲ့သည်(:၃၈၊ ယော ၁၂:၁၂-၁၃ကို ရှု)။ သူ့ကိုယ်ကို ကယ်တင်ရှင်ဟုဆိုကာ ဘုရားသခင်ကို ပြစ်မှားသည်ဟု ဖာရိရှဲများမှတ်ယူသဖြင့်၊ သူတို့က တပည့်တော်များကို တိတ်ဆိတ်စွာနေဖို့ ပြောရန် သခင်ယေရှုအား အမိန့်ပေးရာ၊ ယေရှုက “ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည်…

နေ့ - ၂ - ဆိုးလွန်းတာလား၊ နောက်ကျလွန်းတာလား
ယနေ့ဖတ်ရန်ကျမ်းစာ | ရှင်လုကာခရစ်ဝင် ၂၃:၃၂-၄၃
ယေရှုကလည်း ငါအမှန်ဆိုသည်ကား ယနေ့တွင် သင်သည် ငါနှင့်အတူ
ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ - ရှင်လုကာခရစ်ဝင် ၂၃:၄၃
ခရစ္စတိုဖာ ဟစ်ချန်စ်သည် ခရစ်တော်ကို ယုံကြည်သူများနှင့်စိတ်ပါဝင်စားစွာ စကားစစ်ထိုးသည့် နာမည်ကြီး ဘုရားမဲ့ဝါဒီတစ်ဦးဖြစ်သည်။…

နေ့ - ၁ - ခွင့်လွှတ်ပေးရန်အတွက် ကျေးဇူးတော်
ယနေ့ဖတ်ရန်ကျမ်းစာ | ရှင်လုကာခရစ်ဝင် ၂၃:၂၆-၃၄
ယေရှုကလည်း အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။
သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။ - ရှင်လုကာခရစ်ဝင် ၂၃:၃၄
၂၀၂၃ ခုနှစ်က ဟေတီနိုင်ငံ၌ သူနာပြုဆရာမ အဲလစ်ဒေါစင်ဗယ်နှင့် သမီးတို့ ပြန်ပေးဆွဲခံရသည့်သတင်းက…
အထောက်အကူဖြစ်သော ဝိညာဉ်တော်၏သတိပေးမှု
တစ်နှစ်တွင် ကျွန်မသည် သား၏အားကစားပွဲမစတင်မီ သီချင်းတစ်ပုဒ်ဆိုပေးရန် သဘောတူခဲ့သည်။ ရက်သတ္တပတ်ကြာအောင် လေ့ကျင့်ခဲ့ရသော်လည်း ဤသီချင်းကို ကျွန်မလုံးဝအလွတ်ဆိုနိုင်ပြီဖြစ်သည်။ နောက်ဆုံး ကျွန်မ၏ဘေးတစ်ဘက်တစ်ချက်တွင် တန်းစီနေသော အသင်းများနှင့်အတူ ကွင်းထဲသို့ ဝင်သွားချိန်၌ မျက်လုံးမှိတ်ပြီး ဆုတောင်းခဲ့သည်။ ထို့နောက် သီချင်းစာသားအနည်းငယ် စတင်သီဆိုခဲ့ပြီးနောက် စာသားကို မမှတ်မိတော့သဖြင့် ကျွန်မတုန်လှုပ်သွားသည်။ နောက်မှာရှိသော အမျိုးသားတစ်ဦးက ကျွန်မမေ့နေသော စာသားများကို တိုးတိုးလေး ပြောပြပေးခဲ့သည်။ အထောက်အကူဖြစ်သော သတိပေးမှုကို ကြားသည်နှင့်တစ်ပြိုင်နက် ကျန်သောစာသားများကို ယုံကြည်မှုရှိရှိ ကျယ်လောင်စွာ ကျွန်မသီဆိုခဲ့သည်။
တစ်ခါတစ်ရံတွင် အကူအညီအနည်းငယ်ကို ကျွန်မတို့အားလုံးလိုအပ်သည်။ ယော ၁၄ တွင်၊ သခင်ယေရှုက သူ့ပညတ်တို့ကို စောင့်ရှောက်ခြင်းသည် သူ့ကို ချစ်ခြင်းဖြစ်ကြောင်း ရှင်းပြပြီး(:၁၅)၊ ကျွန်မတို့အား ကူညီသူအဖြစ် “သန့်ရှင်းသောဝိညာဉ်တော်” (:၁၇)ကို ပေးရန် ခမည်းတော်ထံ တောင်းလျှောက်ပေးမည်ဟု ကတိပြုခဲ့သည်။ “ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။…
နိဒါန်း -ဥယျာဉ်အတွင်းမှ ရတနာများ 🌱🌱
အီစတာ - အထူးစာမူ
ရှင်ပြန်ထမြောက်ခြင်း ရက်သတ္တပတ်အတွင်း
ဆင်ခြင်စရာ ကားတိုင်ပေါ်မှ သခင်ယေရှု၏နောက်ဆုံးစကားများ
မေရှိယ၏နောက်ဆုံးစကားများ
နိဒါန်း
🌱ဥယျာဉ်အတွင်းမှ ရတနာများ🌱
ကောင်းမြတ်သော ဝမ်းနည်းပူဆွေးမှု
၁၉၂၀ ခုနှစ်များတွင် Hidesaburō Ueno (ဟိဒေဆာဘူရို ဥအီနို) အမည်ရှိသူသည် တိုကျိုမြို့တော် တက္ကသိုလ်တွင် စာသင်ကြားပို့ချသူဖြစ်သည်။ သူသည် နေ့လည် ၃:၀၀ နာရီရထားဖြင့် ပြန်လာပြီး၊ သူ့ကို စောင့်နေသော သူ၏ခွေး Hachiko (ဟာချီကို) နှင့် နေ့စဉ်တွေ့ဆုံခဲ့သည်။ တစ်နေ့တွင် ပါမောက္ခ ဥအီနိုသည် စာသင်ခန်းအတွင်း လေဖြတ်ပြီး သေဆုံးသွားခဲ့သည်။ နေ့လည်ရထားပေါ်မှ သူ့သခင်ဆင်းမလာသောအခါ၊ ဟာချီကိုသည် အတန်ကြာမျှခေတ္တနေပြီးမှ အိမ်ပြန်သွားခဲ့သည်။ နောက်နေ့ ၃:၀၀ နာရီတွင် ပြန်လာခဲ့ပြီး၊ နောက်နေ့ပြီး နောက်တစ်နေ့၊ ၁၀ နှစ် တိုင်အောင် ပြန်လာခဲ့သည်။ ဟာချီကို၏ သစ္စာစောင့်သိမှုက သူနှင့်အတူလာထိုင်စောင့်သော ဂျပန်လူမျိုးများ၏ နှလုံးသားကို တို့ထိစေခဲ့သည်။
ဧလိရှဲသည် သူ၏သခင်ဧလိယအပေါ် အလားတူ စိတ်စွဲမြဲခဲ့သည်။ ဧလိယကို ဆုံးရှုံးရမည်ကို သိသောနေ့၌၊ ဧလိရှဲသည် သူ့ကို မျက်စိအောက်မှ အပျောက်မခံခဲ့ပါ။…

ရိုက်ညီနောင်တို့၏ ညီမလေး
၁၉၀၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် လေယာဉ်ပျံကို တီထွင်၊ တည်ဆောက်ကာ ပထမဆုံးအောင်မြင်စွာပျံသန်းခဲ့သော ရိုက်ညီနောင် အောဗေး(Orville)နှင့် ဝေလ်ဘယ် (Wilbur)တို့အကြောင်း လူအများစုက သိကြသည်။ ကက်သရင်းရိုက်(Katherine Wright)ဆိုသည့် အမည်ကိုတော့ လူနည်းစုသာ သိကြပါသည်။ အကိုများ၏ ပျံသန်းနိုင်သည့်စက်ကို ဖန်တီးရာတွင် ၎င်းတို့၏ အောင်မြင်မှုအတွက် ကက်သရင်းသည် အခရာဖြစ် သည်။ သူမ အစ်ကိုများသည် ၎င်းတို့၏ တီထွင်မှုအတွက် များပြားလှသော အသေးစိတ်အချက်များနှင့် လက်တွေ့ စမ်းသပ်မှုများကို အာရုံစိုက်နေချိန်တွင် ကက်သရင်းသည် ၎င်းတို့အား တိတ်တဆိတ် မေတ္တာပြလျက် ကူညီခဲ့သည်။ ၎င်းတို့၏ ဝင်ငွေအရင်းအမြစ်ဖြစ်သောစက်ဘီးဆိုင်ကို ကက်သရင်း ကြီးကြပ်ပေးခဲ့သည်။ လေယာဉ်ပျက်ကျပြီးနောက် ဒဏ်ရာရသွားသည့် အောဗေးအားပြုစုရန်အတွက် သူမ၏စာသင်သည့်အလုပ်မှ ထွက်ပြီး အောဗေး နေပြန်ကောင်းသည်အထိစောင့်ရှောက်ခဲ့သည်။ သူ့အစ်ကိုတို့၏ ကျော်ကြားမှုအတွက် မရေမတွက်နိုင်သော အသေးစိတ်အချက်အလက်များကို စီမံခန့်ခွဲခဲ့ရသည်။
အခြားသူများအား ပံ့ပိုးကူညီမှု၏တန်ဖိုးကို သမ္မာကျမ်းစာ၌လည်း တွေ့ရသည်။ ဥပမာတစ်ခုမှာ…